နေ့စဉ်ဘဝ
ခွဲတမ်းဖြင့် ရောက်ရှိလာသည့် ဒုက္ခသည်ဖြစ်ပါက သင်နှင့် သင်၏ မိသားစုအတွက် နေထိုင်ရမည့်မြို့ရွာများတွင် ငှားရမ်းနေထိုင်သည့်- အိမ် ရရှိရန်အခွင့်အရေးရှိပါသည်။ ငှားရမ်းနေထိုင်သည့်- အိမ် ၏ အကျယ်အ၀န်းနှင့် အခန်းအရေအတွက်မှာ နေထိုင်မည့်သူများ၏ အရေအတွက်နှင့် သက်ဆိုင်ပါသည်။ သို့သော်လည်း ငှားရမ်းနေထိုင်သည့်- အိမ်များတွင် အခြေခံလိုအပ်သော ပရိဘောဂများမှာ အတူတူပင် ဖြစ်ပါသည်။ ဆက်ဖတ်ရန်
ပညာရေး
ကျောင်တက်ရောက်သင်ကြားရမည့် အသက်အရွယ်မရောက်သေးသည့် ကလေးများအနေဖြင့် ဖင်လန်နိုင်ငံတွင် ကလေးထိန်းကျောင်းများနှင့် ပထမဆုံးပညာသင်ကြားရေး တွင် တက်ရောက်သင်ကြားကြလေ့ရှိပါသည်။ များသောအားဖြင့် မိဘနှစ်ဦးစလုံး အိမ်၏ ပြင်ပတွင် အလုပ်အကိုင်များ လုပ်ကိုင်ကြသောကြောင့် ဖြစ်ပါသည်။ မြို့ရွာတွင်နေထိုင်သူများအနေဖြင့် မိမိကလေးအတွက် ကလေးထိန်းကျောင်းတက်ရောက်ရန်အတွက် လျှောက်ထားရပါသည်။ ဆက်ဖတ်ရန်
လုပ်ငန်းခွင်ဘ၀ သို့
ဖင်လန်နိုင်ငံသားတို့၏ လုပ်ငန်းခွင်ပါတ်ဝန်းကျင်တွင် အသုံးပြုသည့် ဘာသာစကားမှာ ဖင်လန်ဘာသာစကား ဖြစ်ကြောင်း သိရန် အလွန်ပင် အရေးကြီးပါသည်။ လုပ်ငန်းခွင်တွင် အင်္ဂလိပ်ဘာသာစကားဖြင့် ပြောကြားသည့် နေရာများမှာ အလွန်ပင် နည်းပါးပါသည်။ အလုပ်လုပ်ကိုင်နိုင်ရန်အတွက် သင့်အနေဖြင့် ဖင်လန်ဘာသာစကားကို သင်ကြားရမည် ဖြစ်ပါသည်။ ဆက်ဖတ်ရန်