ဖင်လန်နိုင်ငံသို့ လေယာဉ်ခရီး

ဖင်လန်နိုင်ငံသို့ လေယာဉ်ခရီး

ဖင်လန်နိုင်ငံသို့ လာရောက်နိုင်ရန်အတွက် လေကြောင်းခရီးဖြင့်သာ ...

ထွက်ခွာရန်အသင့်ပြင်ဆင် စစ်ဆေးခြင်း

လေဆိပ်သို့ အချိန်လုံလောက်စွာရရှိစေရန်အတွက် ကြိုတင်၍ လာရောက်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် လေယာဉ်ပေါ်သို့ မတက်ရောက်မှီ ...

လေဆိပ်တွင် သွားလာခြင်း

လေဆိပ်တွင် တထပ်မှ တထပ်သို့ သွားလာရာတွင် ဓါတ်လှေကား၊ စက်လှေကား သို့မဟုတ် လှေကားများကို ကျော်ဖြတ်ပြီး ...

ပါတ်စပို့စစ်ဆေးခြင်း

နောက်တဆင့်မှာ ပါတ်စပို့စစ်ဆေးသည့် နေရာသို့ သွားရောက်ခြင်း ဖြစ်ပါသည်။ ပါတ်စပို့စစ်ဆေးသည့် နေရာတွင် ခရီးသွားလာခွင့်လက်မှတ် ...

လုံခြုံရေးစစ်ဆေးခြင်း

ဆက်လက်၍ လုံခြုံရေးစစ်ဆေးသည့် နေရာသို့ သွားရောက်ရပါသည်။ လုံခြုံရေးစစ်ဆေးသည့်နေရာသို့ သွားရောက်ရာတွင် ...

လေယာဉ်ပေါ်သို့ တက်ရောက်ခြင်း

လုံခြုံရေးစစ်ဆေးပြီးသည့်နောက်တွင် လေဆိပ်တွင် သတ်မှတ်ထားသည့် နိုင်ငံတကာသို့ သွားရောက်ရန် သတ်မှတ်ထားသည့် နေရာသို့ ...

ဖင်လန်နိုင်ငံသို့ ရောက်ရှိခြင်း

ဖင်လန်နိုင်ငံ၊ ဟဲလ်ဆင်းကီးမြို့သို့ လေယာဉ်ဆိုက်ရောက်ပါသည်။ ပထမဆုံးအနေဖြင့် ခရီးသွားလက်မှတ်များကို ပါတ်စပို့စစ်ဆေးသည့် ...




ဖင်လန်နိုင်ငံသို့ လေယာဉ်ခရီး

ဖင်လန်နိုင်ငံသို့ လာရောက်နိုင်ရန်အတွက် လေကြောင်းခရီးဖြင့်သာ ရောက်ရှိနိုင်ပါသည်။ လေယာဉ်ကွင်းမှ စတင်ထွက်ခွာခြင်းဖြင့် အားလုံးစတင်ပါသည်။ လူတဦးချင်းစီအတွက် လေယာဉ်ပေါ်တွင် ကီလို ၂၀ မျှ အလေးချိန်ရှိသော ပစ္စည်းများကိုသာ သယ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ထိုကြောင့် မည်သည့် ပစ္စည်းများကို ယူဆောင်လာသင့်ပြီး၊ မည်သည့်ပစ္စည်းများကို ထားခဲ့သင့်ကြောင်း ထွက်ခွာလာမည့်နိုင်ငံတွင် သေသေချာချာ ကြိုတင်စဉ်းစားထားကြရန် အရေးကြီးပါသည်။ နိုင်ငံရပ်ခြားမှ လေကြောင်းကုမ္ပဏီများမှ အလေးချိန် ကီလို ၂၀ ကျော်ကို ခွင့်ပြုသော်လည်း ဖင်လန်နိုင်ငံပြည်တွင်း လေကြောင်းလိုင်းများတွင် အလေးချိန် ကီလို ၂၀ ကျော်သည့် ခရီးဆောင်ပစ္စည်းများကို သယ်ဆောင်ခွင့် မရှိပါ။

အသင့်ပြုလုပ်ပေးထားသည့် ခရီးသွားလာရေးအသိအမှတ်ပြုလက်မှတ် နှင့် လေယာဉ်လက်မှတ်များကို အတူတကွ ခရီးစဉ်တွင် ယူဆောင်သွားရပါမည်။ ထို့အပြင်လည်းပဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ အထောက်အထားများအားလုံးကိုလည်း ယူဆောင်သွားရန် အရေးကြီးပါသည်။ ပုဂံခွက်ယောက်များနှင့် အိမ်သုံးပစ္စည်များကို ယူဆောင်လာရန် မလိုအပ်ချေ။ အစားအသောက်များအား လေယာဉ်ပေါ်သို့ လုံခြုံရေးအရ ယူဆောင်လာခြင်း မပြုလုပ်သင့်ပါ။

ထွက်ခွာရန်အသင့်ပြင်ဆင် စစ်ဆေးခြင်း

လေဆိပ်သို့ အချိန်လုံလောက်စွာရရှိစေရန်အတွက် ကြိုတင်၍ လာရောက်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် လေယာဉ်ပေါ်သို့ မတက်ရောက်မှီ အကြောင်းအရာများစွာကို ဖြေရှင်းပြုလုပ်ရန် လိုအပ်သောကြောင့် ဖြစ်ပါသည်။ လေဆိပ်များမှာ အလွန်ကြီးမားကျယ်ဝန်းပြီး ခရီးသွားခရီးလာ ၀န်ထမ်းများ အလွန်များပြားသောကြောင့် ဖြစ်ပါသည်။ ကလေးများကို လက်ဖြင့် ကိုင်တွယ်ထားပြီး၊ အုပ်စုလိုက် လူစုမခွဲဘဲ သွားလာခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ထိုမှသာလျှင် လူစုမကွဲ မပျောက်မရှ ဖြစ်ခြင်းမှ ကာကွယ်နိုင်ပါသည်။ လေဆိပ်တွင် လက်တွန်းလှည်းများစွာရှိပြီး ထုပ်ပိုးထားသည့် ခရီးဆောင်အိတ်များကို တင်ဆောင်ကာ သယ်ယူနိုင်ပါသည်။ ခရီးသွားအိတ်များကို လက်တွန်းလှည်းများတင်ဆောင်ကာ အသင့်ပြင်ဆင် စစ်ဆေးခြင်းလုပ်သည့်နေရာအထိ တန်းစီစောင့်စားရန် ထွက်ခွာနိုင်ပါသည်။

အသင့်ပြင်ဆင် စစ်ဆေးခြင်းပြုလုပ်သည့်နေရာတွင် ခရီးသွားလက်မှတ်နှင့် လေယာဉ်လက်မှတ်ကို ပြသရပါသည်။ ထိုသို့ ပြသပြီးသည့်နောက်တွင် ၀န်ထမ်းဖြစ်သူမှ ခရီးသွားအိတ်များကို မြှောက်ခိုင်းကာ ချိန်တွယ်နိုင်ရန်အတွက် တောင်းဆိုပါလိမ့်မည်။ သို့သော် သေးငယ်သည့် လက်ဆွဲအိတ်ငယ်များကို လေယာဉ်ပေါ်သို့တက်ရောက်ရာတွင်လည်း ယူငယ်သွားနိုင်ပါသည်။ အခြားသော ခရီးသွားအိတ်များမှာ အလိုအလျှောက်ပင် လေယာဉ်ပေါ်သို့ အခြားသော ပစ္စည်းများနှင့်အတူ ရောက်ရှိသယ်ဆောင်သွားမည် ဖြစ်ပါသည်။ အရေးကြီးသည့် လက်မှတ်များနှင့် ပစ္စည်းများအားလုံးကို တနိုင်တပိုင်သေးငယ်သော လက်ဆွဲအိတ်ထဲတွင် ထည့်ထားရန် လိုအပ်ပါသည်။ တနိုင်တပိုင်လက်ဆွဲအိတ်ငယ်ထဲတွင် အရည်များပါဝင်သည့် ဗူးများနှင့် ချွန်ထက်သည့် လက်နက်များကို ယူဆောင်ခြင်း မပြုရပါ။ အလိုအလျှောက် သယ်ဆောင်သွားမည့် ခရီးဆောင်အိတ်ကြီးများအတွက် ပြန်လည်ရွေးချယ်ရန်အတွက် လက်မှတ်များကို ရရှိမည် ဖြစ်ပါသည်။ ထိုလက်မှတ်များကို သေသေချာချာ သိမ်းဆည်းထားရမည် ဖြစ်ပါသည်။ ခရီးသွာအိတ်များပျောက်ဆုံးပျက်စီးပါက ထိုလက်မှတ်များမှာ သက်သေခံလက်မှတ်များ ဖြစ်လာပါလိမ့်မည်။ ထို့အပြင်လည်းပဲ လက်ခံလက်မှတ်များဖြင့် နောက်ကျပြီးမှ ပြန်လည် ရှာဖွေခြင်းလည်း ပြုလုပ်နိုင်ပါသည်။

စစ်ဆေးကြည့်ရှု့သည့် ၀န်ထမ်းထံမှ ခရီးသွားလက်မှတ်၊ လေယာဉ်လက်မှတ်နှင့် ခရီးသွားအိတ်များအတွက် လက်မှတ်များ ပြန်လည်ရရှိမည် ဖြစ်ပါသည်။ ထို့အပြင်လည်း လေယာဉ်ခရီးဖြင့် ဆက်လက်သွားရမည်ဆိုပါက ဆက်လက်ပြောင်းလဲစီးသွားရမည့် ခရီးအတွက် လေယာဉ်လက်မှတ်လည်း ထပ်မံရရှိမည်ဖြစ်ပါသည်။ လေယာဉ်လက်မှတ်တွင် လေယာဉ်ထွက်မည့် ဂိတ်နံပါတ် နှင့် လေယာဉ်ပေါ်တွင် ထိုင်ရမည့် ခုံနံပါတ်များကို ရိုက်နှက်သတ်မှတ်ထားပါသည်။ လေယာဉ်မထွက်ခင်အချိန်အတွင်းတွင် လေယာဉ်လက်မှတ်နှင့် စာရွက်စာတမ်းများကို အကြိမ်များစွာ ပြသရကောင်း ပြသရနိုင်ပါသည်။

လေဆိပ်တွင် သွားလာခြင်း

လေဆိပ်တွင် တထပ်မှ တထပ်သို့ သွားလာရာတွင် ဓါတ်လှေကား၊ စက်လှေကား သို့မဟုတ် လှေကားများကို ကျော်ဖြတ်ပြီး ကူးသန်းကြပါသည်။ စက်လှေကားမှာ ရှေ့သို့ အစဉ်မပြတ်ရွှေ့လျှားနေပြီး အဓိက သတိထားရမည့်အချက်မှာ ဂါဝန်မှအစများနှင့် ပုတီးလုံးများနှင့် ဒေါက်မြင့်ဖိနပ်ကဲ့သို့သော ချွန်ထက်သည့် အရာများ စက်လှေကား အဆက် တခုနှင့် တခုကြား မညှပ်မိစေရန် ဖြစ်ပါသည်။ လက်တွန်းလှည်းများကို စက်လှေကားတွင် ကူးသန်းခြင်း မပြုရပါ။ လက်တွန်းလှည်းဖြင့် သွားလာရသူ နာမကျန်းသူများလည်း လေယာဉ်ပေါ်သို့ သွားရောက်နိုင်သည်။ ထိုသို့သော အခြေအနေတွင် ထိုသူအား ကူညီသူပါရှိရပါမည်။


ပါတ်စပို့စစ်ဆေးခြင်း

နောက်တဆင့်မှာ ပါတ်စပို့စစ်ဆေးသည့် နေရာသို့ သွားရောက်ခြင်း ဖြစ်ပါသည်။ ပါတ်စပို့စစ်ဆေးသည့် နေရာတွင် ခရီးသွားလာခွင့်လက်မှတ် နှင့် လေယာဉ်လက်မှတ်တို့ကို ပြသ စစ်ဆေးခြင်း ပြုလုပ်ရပါသည်။ စစ်ဆေးသူမှ ခရီးသွားလက်မှတ်နှင့် အခြားသောလက်မှတ်များကို ကိုင်တွယ်စစ်ဆေးပြီး တံဆိပ်တုံးထုပေးလေ့ရှိပါသည်။ ပါတ်စပို့စစ်ဆေးရာတွင် တယောက်ချင်းစီ သပ်သပ်စစ်ဆေးလေ့ရှိပြီး၊ မိသားစုဝင်များအနေဖြင့် ကလေးများနှင့်အတူ ပူးတွဲ၍ စစ်ဆေးခြင်းလည်း ခံယူနိုင်ပါသည်။

လုံခြုံရေးစစ်ဆေးခြင်း

ဆက်လက်၍ လုံခြုံရေးစစ်ဆေးသည့် နေရာသို့ သွားရောက်ရပါသည်။ လုံခြုံရေးစစ်ဆေးသည့်နေရာသို့ သွားရောက်ရာတွင် လူတိုင်းအနေဖြင့် မိမိဘာသာ မိမိ သတိထားရမည်မှာ တနိုင်တပိုင် ကိုယ်နှင့်မကွာ ယူဆောင်သွားမည့် လက်ဆွဲအိတ်ထဲတွင် အစားအစာများ၊ ရေများ၊ ကက်ကြေးများ၊ ချွန်ထက်သည့်အရာများနှင့် အခြားသော သတ္တုပစ္စည်းများကို အပိုယူဆောင်ခြင်း မဖြစ်စေရန် သတိထားရပါမည်။

လေယာဉ်ကွင်းမှ စစ်ဆေးရန်တာဝန်ရှိသူများသည် လုံခြုံရေးအတွက် စတင်စစ်ဆေးရာတွင် ခါးပတ်၊ အိတ်၊ ဖိနပ် နှင့် အပေါ်တွင်ထပ်ဝတ်ထားသည့် ဂျက်ကတ်များကို ခြင်းတောင်းသပ်သပ်တွင် ထည့်ခိုင်းပါသည်။ ထိုခြင်းတောင်းများနှင့် လမ်းညွှန်ချက်များကို စစ်ဆေးသူဝန်ထမ်းများထံမှ ရရှိပါသည်။ ထို့အပြင်လည်းပဲ လက်ကိုင်ကွန်ပြူတာများ ယူဆောင်လာပါက သပ်သပ်စီစစ်ဆေးခြင်း ခံရမည် ဖြစ်ပါသည်။ ခြင်းများတွင် ထည့်သွင်းထားသည့် ပစ္စည်းများအား အားလုံးမြင်စေအောင် ပြုလုပ်ထားသည့် ဓါတ်မှန်စက်အောက်တွင် ဖြတ်သန်း စစ်ဆေးခြင်း ပြုလုပ်ကြပါသည်။ အကယ်၍ စစ်ဆေးခြင်းခံရသည့် လက်ဆွဲအိတ်များတွင် တားမြစ်ထားသည့် ပစ္စည်းများ ပါဝင်လာပါက သိမ်းဆည်းခြင်း ပြုလုပ်ပါသည်။ ထိုကဲ့သို့ စစ်ဆေးသည့်အချိန်တည်းတွင်လည်း လေဆိပ်တွင် စစ်ဆေးရေးတာဝန်ယူသည့် ၀န်ထမ်းများအား ခရီးသွားလက်မှတ်နှင့် လေယာဉ်လက်မှတ်များကိုလည်း ပြသရပါသည်။

ထိုသို့စစ်ဆေးခြင်းပြီးဆုံးသွားပါက လုံခြုံရေးကို တာဝန်ယူထားသည့် ၀န်ထမ်းမှ ခရီးသွားသူအား လုံခြုံရေးဂိတ်ပေါက်ဝကို ဖြတ်သန်းရန်အတွက် ပြောဆိုပါသည်။ တခါတရံတွင် လုံခြုံရေးဝန်ထမ်းများမှ ဖိနပ်ချွတ်ရန်အတွက် သပ်သပ်စီ ပြောဆိုပါက ဖိနပ်ချွတ်ခြင်းလည်း ပြုလုပ်ရပါသည်။ အကယ်၍ လုံခြုံရေးဂိတ်ကို ဖြတ်သန်းရာတွင် တစုံတခုရှိနေကြောင်း အသိပေးညွှန်ပြပါက လုံခြုံရေးဝန်ထမ်းများမှ ခရီးသွားအား သပ်သပ်စီ ထပ်မံစစ်ဆေးခြင်း ပြုလုပ်လေ့ရှိပါသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ ခရီးသွားများအား ပိုမိုလုံခြုံစိတ်ချမှု့ ရစေရန် ပြုလုပ်ခြင်း ဖြစ်ပါသည်။

လေယာဉ်ပေါ်သို့ တက်ရောက်ခြင်း

လုံခြုံရေးစစ်ဆေးပြီးသည့်နောက်တွင် လေဆိပ်တွင် သတ်မှတ်ထားသည့် နိုင်ငံတကာသို့ သွားရောက်ရန် သတ်မှတ်ထားသည့် နေရာသို့ ရောက်ရှိပြီ ဖြစ်ပါသည်။ ထိုမှ တဆင့် မိမိလေယာဉ်ရှိရာ ဂိတ်ပေါက်ဝသို့ သွားရောက်ရပါသည်။ လေယာဉ်ထွက်မည့် ဂိတ်ပေါက်အား ထွက်ခွာရန်ပြင်ဆင်သည့် စစ်ဆေးခြင်းပြုလုပ်သည့်အချိန်တွင် အသိပေးပါသည်။ ထို့အပြင်လည်းပဲ လေယာဉ်လက်မှတ်နှင့် လေဆိပ်တွင် ချိတ်ဆွဲထားသည့် တီဗွီမှန်သားပြင်များတွင်လည်း ကြေညာထားပါသည်။

ဂိတ်ဝတွင် မိမိနှင့်သက်ဆိုင်သည့် လေယာဉ်အား စောင့်ဆိုင်းခြင်း ပြုလုပ်ရလေ့ရှိပါသည်။ တခါတရံတွင် လေယာဉ်နောက်ကျခြင်းများ ရှိတတ်သဖြင့် စောင့်ဆိုင်းချိန် ပိုမိုကြာမြင့်တတ်ပါသည်။ စီးနင်းရမည့် လေယာဉ်ဂိတ်ဝသို့ ရောက်ရှိလာပါက လေယာဉ်ပေါ်သို့ တက်ရောက်ရန်အတွက် ခရီးသွားများသည် တန်းစီကြရပါသည်။ လေယာဉ်ပေါ်မှ ၀န်ထမ်းအား တန်းစီပြီး လေယာဉ်ပေါ်သို့ တက်မည့် ခရီးသွားများက တယောက်ချင်းစီ ခရီးသွားလက်မှတ်များနှင့် လေယာဉ်လက်မှတ်များကို ပြသရပါသည်။ ထို့နောက်တွင် လိုင်ခေါင်းကဲ့သို့ ရှည်းလျားသည့် လေယာဉ်ထဲရှိ စင်္ကြန်တလျှောက်မှ မိမိ ရရှိထားသည့် ခုံနံပါတ်ကို ရောက်ရှိအောင် သွားရောက်ပြီး နေရာယူရလေ့ရှိပါသည်။ မိမိထိုင်ရမည့် ခုံနံပါတ်မှာ လေယာဉ်လက်မှတ်တွင် ပါရှိပါသည်။ မိမိနှင့် တပါတည်း ယူဆောင်လာသည့် လက်ဆွဲအိတ်များကို မိမိထိုင်ရမည့် အထက်တွင် ပစ္စည်းထားရှိရမည့် အံဆွဲထဲသို့ ထားနိုင်ပါသည်။

ခရီးသွားလာသည့်အချိန်ကာလတွင် ကူညီရန်အတွက် လေယာဉ်တွင် ၀န်ထမ်းများစွာ ရှိပါသည်။ ခရီးသွားလာသည့်အချိန်တွင် စားရန် သောက်ရန်များကို စီစဉ်ဝေငှပေးပါသည်။ လေယာဉ်တွင်းရှိအိမ်သာများအား လေယာဉ်တက်ချိန်နှင့် လေယာဉ်ဆင်းချိန်တို့တွင် အသုံးမပြုရဘဲ မိမိထိုင်ခုံတွင် လုံခြုံရေးခါးပါတ်များ ပတ်ကာ ထိုင်နေရမည် ဖြစ်ပါသည်။ လေယာဉ်ပေါ်တွင် ဆေးလိပ်သောက်ခွင့်မရှိသလို၊ ခရီးဆောင်ဖုံးများကို သတ်မှတ်ထားသည့်အချိန်ကာလတွင် ပိတ်ပင်ခြင်း ပြုလုပ်ထားရပါသည်။

လေယာဉ်ပျံသန်းချိန်မှာ နာရီးများစွာ ကြာမြင့်နိုင်ပါသည်။ တခါတရံတွင် ကြားနိုင်ငံတခုတွင် လေယာဉ်ရပ်နားခြင်း လေယာဉ်ပြောင်းလဲခြင်း ပြုလုပ်ရနိုင်ပါသည်။ ကြားနေရပ်နားသည့်နိုင်ငံတွင် ဖင်လန်နိုင်ငံသို့ ဆက်လက်ထွက်ခွာမည့် လေယာဉ်မျာကိုလည်း ပြောင်းလဲစီးနင်းခြင်း ပြုလုပ်ရန် ချိန်းရနိုင်ပါသည်။ လေယာဉ်ရပ်နားသည့်နေရာတွင် ခရီးသွားလက်မှတ်နှင့် ဆက်လက်စီးနင်းရမည့် လေယာဉ်လက်မှတ်များကိုလည်း ထပ်မံပြသစစ်ဆေးခြင်း ခံကြရပါမည်။ ထို့အပြင်လည်းပဲ လိုအပ်ပါက လုံခြုံရေးစစ်ဆေးခြင်းလည်း ထပ်မံပြုလုပ်ခြင်း ခံရနိုင်ပါသည်။ ခရီးသွားလာသည့်အိတ်များမှာ အလိုအလျှောက်ပင် လေယာဉ်တခုမှ တခုသို့ ပြောင်းလဲခြင်း ပြုလုပ်သွားမည် ဖြစ်ပါသည်။

ဖင်လန်နိုင်ငံသို့ ရောက်ရှိခြင်း

ဖင်လန်နိုင်ငံ၊ ဟဲလ်ဆင်းကီးမြို့သို့ လေယာဉ်ဆိုက်ရောက်ပါသည်။ ပထမဆုံးအနေဖြင့် ခရီးသွားလက်မှတ်များကို ပါတ်စပို့စစ်ဆေးသည့် နေရာတွင် ပြသစစ်ဆေးခြင်း ခံရပါသည်။ ခရီးသွားလက်မှတ်များကို တာဝန်ရှိသူ ၀န်ထမ်းထံသို့ ပေးအပ်ကြရပါသည်။ ပါတ်စပို့စစ်ဆေးရေးကို တယောက်ချင်းစီ ပြုလုပ်လေ့ရှိပါသည်။ မိသားစုမှ ကလေးငယ်များမှာ မိဘများနှင့်အတူ စစ်ဆေးခြင်းခံကြရပါသည်။

ဖင်လန်နိုင်ငံသို့ ရောက်ရှိပါက သို့မဟုတ် ရောက်ရှိပြီး မကြာမှီကာလအတွင်းတွင် ဖင်လန်နိုင်ငံ၏ တာဝန်ရှိသူဝန်ထမ်းများမှ ပုဂ္ဂိုလ်ရေးအချက်အလက်များ၊ ဓါတ်ပုံရိုက်ကူးခြင်းနှင့် လက်ဗွေရာများကို ယူဆောင်ခြင်း ပြုလုပ်ကြပါသည်။ ထို့နောက်တွင် အခြေချပြောင်းရွှေ့နေထိုင်လာသူများအား ဖင်လန်နိုင်ငံသို့ ရောက်ရှိပြီ ဖြစ်ကြောင်း မှတ်ပုံတင်စာရင်းသွင်းကြပါသည်။

ပါတ်စပို့စစ်ဆေးပြီးသည့်နောက်တွင် ပစ္စည်းများရွေးချယ်ရန်အတွက် စောင့်ဆိုင်းသည့် ခန်းမကြီးထဲသို့ ပြောင်းရွှေ့ကြရပါသည်။ ထိုအချိန်တွင် ထွက်ခွာရန်စစ်ဆေးချိန်က ပေးအပ်ထားသည့် လက်မှတ်များဖြင့် ခရီးသွားအိတ်များတွင် ကပ်ထားသည့် လက်မှတ်များကို တိုက်ဆိုင်စစ်ဆေး ရွေးချယ်ပြီး ယူရလေ့ရှိပါသည်။ ခရီးသွားအိတ်များသည် လည်ပတ်နေသော လိုင်းကြောင်းများတလျှောက် တန်းစီကာ ရောက်ရှိလာကြပါသည်။ စီးနင်းလာသည့် လေယာဉ်နှင့် သက်ဆိုင်သည့် ခရီးသွားအိတ်များ မည်သည့်လိုင်းကြောင်းတွင် ရွေးချယ်ယူနိုင်ကြောင်းကိုလည်း တီဗွီဖန်သားပြင်တွင် ကြည့်ရှု့နိုင်ပါသည်။ အရေးကြီးသည်မှာ ခရီးသွားအိတ်အားလုံး ရောက်ရှိခြင်း ရှိမရှိကို စစ်ဆေးရန်ဖြစ်ပါသည်။ ထိုခန်းမထဲတွင် လက်တွန်းလှည်းများထားရှိပေးထားပြီး ခရီးသွားအိတ်များကို တင်ဆောင်ကာ သယ်ဆောင်နိုင်ပါသည်။ ထို့နောက်တွင် အပြင်ထွက်သည့် တံခါးပေါက်ဝအထိ အစိမ်းရောင်လိုင်းဖြင့် ညွှန်ပြထားပါသည်။ ထိုသို့ ထွက်ခွာနိုင်သည့် အမှတ်အသားမှာ မိမိအနေဖြင့် လုံခြုံစွာရောက်ရှိပြီဖြစ်ကြောင်းပင် ဖြစ်ပါသည်။ ထို့နောက်တွင် နိုင်ငံတကာခရီးသွားလာရေး သတ်မှတ်ထားသည့် အမှတ်အသားမှ လွန်မြောက်ကာ ဖင်လန်နိုင်ငံတွင် ဆက်လက်ခရီးထွက်ရမည့် သင်္ကေတပြင် ဖြစ်ပါသည်။

ယခုစာမျက်နှာတွင် ပါဝင်သောအကြောင်းအရာများကို အောက်ဖေါ်ပြပါ အင်တာနက် စာမျက်နှာတွင် PDF ပုံစံဖြင့် ဖတ်ရှု့နိုင်ပါသည်။