ပညာရေး

ကလေးထိန်းကျောင်း နှင့် ပထမဆုံး ပညာသင်ကြားရေး

ကျောင်တက်ရောက်သင်ကြားရမည့် အသက်အရွယ်မရောက်သေးသည့် ...

အခြေခံပညာရေး

ဖင်လန်နိုင်ငံတွင် အခြေခံပညာရေး စာသင်ကြားရေးသတ်မှတ်ထားရာတွင် များသောအားဖြင့် ၉ နှစ်ပညာသင်ကြားရေးဖြစ်ပါသည်။ ထို ၉ နှစ် ပညာသင်ကြားရေးတွင်ကလေးအား ...

အထက်တန်းပညာ

အထက်တန်း-ပညာရေးသည် အထွေထွေပညာရပ်များနှင့် အခြေခံသဘောတရားများကို သင်ကြားပေးပါသည်။ အခြေခံပညာရေးအောင်လက်မှတ်ကို ...

အသက်မွေးဝမ်ကျောင်းဆိုင်ရာ အထက်တန်းပညာရေးကျောင်း နှင့် တက္ကသိုလ်များ

အဆင့်မြင့် ပညာရေးသင်ကြားရေးကို ဖင်လန်နိုင်ငံတွင် တက္ကသိုလ်များနှင့် အသက်မွေးဝမ်းကျောင်းမှု့ဆိုင်ရာ အထက်တန်းပညာရေးကျောင်းများတွင် ...

ပြောင်းရွှေ့အခြေချ နေထိုင်သူများအတွက် အသက်မွေးဝမ်းကျောင်းမှု့ဆိုင်ရာ ပညာရပ်များသင်ကြားရန် ပြင်ဆင်ခြင်း

အခြေခံပညာသင်ကြားတတ်မြောက်ပြီးနောက်တွင် ဆက်လက်၍ သင်ကြားရမည်မှာ အဆင့်မှာ ...

အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျောင်းများ

ဖင်လန်နိုင်ငံတွင် ရွေးချယ်ခွင့်များစွာရှိသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျောင်းများစွာ ရှိပါသည်။ ထိုကျောင်းများ၏ သင်ကြားမှု့များမှာ လက်တွေ့ အသက်မွေးဝမ်းကျောင်း အလုပ်ခွင်ဘ၀များတွင် ဖြစ်ပါသည်။ အခြေချပြောင်းရွှေ့နေထိုင်သူလူငယ်များအနေဖြင့် ...

အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းများ

အရွယ်ရောက်ပြီးသူ ပြောင်းရွှေ့အခြေချနေထိုင်သူအနေဖြင့် လူငယ်များကဲ့သို့ပင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခြေခံကျောင်းများသို့ ဖင်လန်နိုင်ငံ၏ အလုပ်ခွင်လက်တွေ့ဘ၀နှင့် သက်ဆိုင်သော ဖင်လန်နိုင်ငံ၏ အလုပ်ခွင်လက်တွေ့ဘ၀နှင့်သက်ဆိုသော ကျွမ်းကျင်မှု့များကို ရရှိစေရန်အတွက် ကျောင်းများ တက်ရောက်သင်ကြားနိုင်ရန် တိုက်ရိုက်လျှောက်ထားနိုင်ပါသ်ည။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခြေခံပညာကျောင်းများသို့ လျှောက်ထားသူအနေဖြင့် အခြေခံပညာကျောင်းသင်ကြားတတ်မြောက်ထားသည့် ...

အလုပ်သမားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် အရွယ်ရောက်သူများအတွက် ကျောင်းများ

အလုပ်လက်မဲ့ဖြစ်နေသော ပြောင်းရွှေ့အခြေချနေထိုင်သူများအနေအား အလုပ်သမားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် အရွယ်ရောက်သူများအတွက် ...

နိုင်ငံရပ်ခြားတွင် သင်ကြားမှု့များနှင့် အောင်လက်မှတ်များကို အသိအပြုခြင်း

ဖင်လန်နိုင်ငံရှိ ကျောင်းများ၏ စနစ် ရည်ရွယ်ချက်များမှာ နိုင်ငံရပ်ခြားတွင် သင်ကြားတတ်မြောက်လာသည့် အောင်လက်မှတ်များ၊ သင်ကြားတတ်မြောက်လာသည့် ...

စာကြည့်တိုက်

ဖင်လန်နိုင်ငံ၏ နေရာတော်တော်များတွင် စာကြည့်တိုက်များ ရှိပါသည်။ ထိုစာကြည့်တိုက်များအား ရပ်ရွာများတွင် နေထိုင်သည့်သူများက လွတ်လပ်စွာ သွားရောက်ဖတ်ရှု့နိုင်ပါသည်။ ...




ကလေးထိန်းကျောင်း နှင့် ပထမဆုံး ပညာသင်ကြားရေး

ကျောင်တက်ရောက်သင်ကြားရမည့် အသက်အရွယ်မရောက်သေးသည့် ကလေးများအနေဖြင့် ဖင်လန်နိုင်ငံတွင် ကလေးထိန်းကျောင်းများနှင့် ပထမဆုံးပညာသင်ကြားရေး တွင် တက်ရောက်သင်ကြားကြလေ့ရှိပါသည်။ များသောအားဖြင့် မိဘနှစ်ဦးစလုံး အိမ်၏ ပြင်ပတွင် အလုပ်အကိုင်များ လုပ်ကိုင်ကြသောကြောင့် ဖြစ်ပါသည်။ မြို့ရွာတွင်နေထိုင်သူများအနေဖြင့် မိမိကလေးအတွက် ကလေးထိန်းကျောင်းတက်ရောက်ရန်အတွက် လျှောက်ထားရပါသည်။ ကလေးများအနေဖြင့် ဖင်လန်ဘာသာစကားကို သင်ကြားခြင်း၊ နေ့စဉ်အချိန်ဇယားအတိုင်း နေထိုင်ခြင်းနှင့် အရေးအကြီးဆုံးမှာ လူမှု့ဆက်ဆံရေးကိစ္စရပ်များကို ကလေးထိန်းကျောင်းတွင် သင်ကြားကြခြင်း ဖြစ်ပါသည်။ ကလေးထိန်းကျောင်း၏ နေ့စဉ်လုပ်ငန်းစဉ်များမှာ အများအပြား ၀န်ဆောင်မှု့ပေးပါသည်။ ဥပမာအားဖြင့် ကစားခြင်း၊ အားကစားလုပ်ခြင်း၊ ဂီတများ နားထောင်သီဆိုခြင်း၊ အရုပ်များပြုလုပ်ခြင်း နှင့် အများနှင့်အတူ စားသောက်ခြင်းတို့ ဖြစ်ကြပါသည်။ ကလေးများသည် ရာသီဥတု အချိန်အခါကို သတိမပြုစရာမလိုဘဲ အပြင်နှင့် အထဲတွင် ကစားခြင်းပြုလုပ်ပါသည်။ ကလေးထိန်းကျောင်းစရိတ်မှာ မိသားစု၏ ၀င်ငွေပေါ်တွင် မူတည်၍ ပေးချေရပါသည်။

ကလေးထိန်းကျောင်းတွင်များသောအားဖြင့် ကလေးများသည် အပြင်တွင်ထွက်၍ ဆော့ကစားကြပါသည်။ ထိုကြောင့်မိဘများအနေဖြင့် ရာသီဥတုနှင့် ကိုက်ညီသည့် အ၀တ်အစားများကို ၀တ်ဆင်ပြင်ဆင်ပေးကြရန် လိုအပ်ပါသည်။ ကစားသည့်- အသက်အရွယ် သတ်မှတ်ထားသည့် ကလေးများအနေဖြင့် ကျောင်းတွင်း ကျောင်းပြင်ဝတ်ဆင်ရမည့် အ၀တ်အစားများ အဆင်သင့်ရှိနေစေရန် လိုအပ်ပါသည်။

ဝတ္တရားအရ မဖြစ်မနေကျောင်းတက်ရမည့် အသက်အရွယ်မရောက်မှီ တနှစ်အလိုတွင် ကလေးများအား ပထမဦးဆုံး စာသင်ကြားခြင်းကို စတင်ပါသည်။ သို့မဟုတ် အသက် ၆ နှစ်အရွယ်တွင် ပထမဦးဆုံးစာသင်ကြားခြင်း ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဒေသဆိုင်ရာမြို့ရွာများမှ ပထမဦးဆုံးသင်ကြားရေးအား အသက်ပြည့်ပြီး အခွင့်အရေးရှိသည့် ကလေးအား စတင်သင်ကြားပေးရန် စီစဉ်ပေးပါသည်။ ပထမဦးဆုံး စတင်သင်ကြားသည့်နှစ်တွင် ကလေးအနေဖြင့် အသိပညာများနှင့် နေထိုင်သွားလာစားသောက်သည့် ကျွမ်းကျင်မှု့မျာကို သင်ကြားရပါသည်။ ထိုမှသာလျှင် အခြေခံပညာကျောင်းတက်သည့်အခါတွင် ဌင်းအနေဖြင့် သင်ကြားရေးတွင် လွယ်ကူစေရန် ဖြစ်ပါသည်။

အခြေခံပညာရေး

ဖင်လန်နိုင်ငံတွင် အခြေခံပညာရေး စာသင်ကြားရေးသတ်မှတ်ထားရာတွင် များသောအားဖြင့် ၉ နှစ်ပညာသင်ကြားရေးဖြစ်ပါသည်။ ထို ၉ နှစ် ပညာသင်ကြားရေးတွင်ကလေးအား အများနှင့်သက်ဆိုင်သည့် အခြေခံပညာရေးကို သင်ကြားပေးခြင်းဖြစ်ပါသည်။ ဖင်လန်နိုင်ငံတွင် အမြဲနေထိုင်သည့် ကလေးများအနေဖြင့် မဖြစ်မနေပညာသင်ကြားရေးကို တက်ရောက်ရပါသည် အဓိပ္ပါယ်မှာ ကလေးများအနေဖြင့် အခြေခံပညာရေးကို မဖြစ်မနေ ရယူသင်ကြားရမည် ဖြစ်ပါသည်။ ပညာသင်ကြားရမည့် ၀တ္တရားအရ သင်ကြားရမည့်အသက်အရွယ်မှာ အသက် ၇ နှစ်ပြည့်ပါက ဖြစ်ပြီး အသက် ၁၇ နှစ်ပြည့်သောအခါတွင် အခြေခံပညာသင်ကြားရေး ၀တ္တရား ကုန်ဆုံးမည်ဖြစ်ပါသည်။ များသောအားဖြင့် အခြေခံပညာသင်ကြားရေးမှာ အသက် ၁၆ နှစ်တွင် အောင်မြင်စွာသင်ကြားပြီး ဖြစ်နေကြပါသည်။ မိဘများ၏ ၀တ္တရားမှာ ကလေးများအနေဖြင့် နေ့စဉ်ကျောင်းတက်ရန် ထိန်းသိမ်းစောင့်ရှောက် ကြီးကြပ်ရခြင်း ဖြစ်ပါသည်။

အခြေခံပညာကျောင်းများ သင်ကြားရာတွင်  နှစ်မျိုးခွဲခြားထားပြီး အောက်တန်းနှင့် အထက်တန်းကျောင်းဟု သတ်မှတ်ထားပါသည်။ အောက်တန်းကျောင်းအဖြစ် ၁ တန်းမှ ၆ တန်းအထိ သတ်မှတ်ထားပြီး၊ အထက်တန်းကျောင်းကို ၇ တန်းမှ ၉ တန်းအထိ သတ်မှတ်ထားပါသည်။

အခြေခံပညာကျောင်းများတွင် ကလေးများအနေဖြင့် မဖြစ်မနေဘာသာရပ်များကို သင်ကြားရပြီး များသောအားဖြင့် သင်္ချာ၊ ဖင်လန်ဘာသာစကား၊ အင်္ဂလိပ်စာ၊ သမိုင်၊ ဇီဝဗေဒ စသည့် ဘာသာရပ်များ ဖြစ်ကြပါသည်။ ဖင်လန်နိုင်ငံရှိ ကျောင်းများတွင် ကျောင်းသားတိုင်း ကိုယ်ကာယလေ့ကျင့်ခန်း- များနှင့် အနုပညာပန်းချီဆွဲခြင်းများကိုလည်း ကျောင်းတွင် အချိန်ဇယားသတ်မှတ်၍ သင်ကြားခြင်း ပြုရပါသည်။ ကျောင်းတွင် များစွာလေ့ကျင့်ခန်းများနှင့် စိတ်ပါဝင်စားသည့်အရာများကို လုပ်ကိုင်ကြရပြီး၊ ပုံများကိုလည်း များစွာ အသုံးပြုကြပါသည်။ ကျောင်းတွင် မေးမြန်းမှု့များကို လက်ထောင်၍ ပြကာ မေးမြန်းကြရပြီး၊ တယောက်ပြီးမှ တယောက် ပြောဆိုခွင့်ပေးရပါသည်။ ကျောင်းတွင် ဘာသာစကားမျိုးစုံကိုလည်း သင်ကြားပေးပါသည်။

အခြေခံပညာကျောင်းများတွင် ကလေးများအနေဖြင့် စာသင်ကြားရေးတွင် လိုအပ်သည့် စာအုပ်စာတန်း၊ ခဲတံ၊ ပေတံ၊ ခဲဖျက်မှ စ၍ လိုအပ်သည့် ပစ္စည်းအားလုံးကို အခကြေးငွေ ပေးစရာမလိုဘဲ ရရှိကြပါသည်။ ကျောင်းသားတိုင်းအား အနည်းဆုံး တကြိမ် ကျောင်းတက်ရောက်သည့် အချိန်အလယ်တွင်  နေ့လည်စာအဖြစ် ကျောင်းတွင် ကျွေးမွေးပါသည်။ ထိုကုန်ကျစရိတ်များအားလုံးကို အများပြည်သူနှင့် သက်ဆိုင်သည့် နိုင်ငံတော်ဘဏ္ဍာမှ သုံးစွဲခြင်း ဖြစ်ပါသည်။ သို့မဟုတ် ပြည်သူများ၏ အခွန်ငွေများမှ သုံးစွဲကုန်ကြခြင်း ဖြစ်ပါသည်။

ကျောင်းတက်ရန်လိုအပ်သည့် ပစ္စည်းများဖြစ်သော ကျောပိုးအိတ်၊ ဘောပင်ခဲတံ ထည့်သည့် ဗူး အပြင် အခြားသော ရာသီဥတုနှင့် သင့်လျှော်သည့်အ၀တ်အစားများ နှင့် အခြားသော စာသင်ကြားရေးနှင့် ကျောင်းတက်ရောက်ရာတွင် လိုအပ်သည့် ပစ္စည်းများကို မိဘများမှ ဖြည့်စည်းပေးရမည်ဖြစ်ပါသည်။ ဖင်လန်နိုင်ငံ၏ ကျောင်းများတွင် ကျောင်းဝတ်စုံသပ်သပ် သတ်မှတ်ထားခြင်း မရှိပါ။ ထိုကြောင့်မိဘများအနေဖြင့် ကလေးများနှင့် သင့်လျှော်သော၊ လက်တွေ့အသုံးပြုနိုင်သော အ၀တ်အစားများကို နှစ်ပါတ်လည်နှင့် ရာသီဥတုနှင့် သင့်လျှော်သည့် အ၀တ်အစားများကို ဖြည့်စည်းပေးရမည် ဖြစ်ပါသည်။ အားကစား- နှင့် ကာယလှုပ်ရှားမှု့များပြုလုပ်နိုင်ရန်အတွက် ကလေးများကို အားကစားလုပ်နိုင်ရန်အတွက် အ၀တ်အစားများနှင့် -ဖိနပ်များကိုလည်း ဖြည့်စည်းပေးရမည် ဖြစ်ပါသည်။

ဖင်လန်နိုင်ငံ၏ ကျောင်းများတွင် စာသင်ကြားချိန်များမှာ ပုံမှန်အားဖြင့် ၄၅ မိနစ်သတ်မှတ်ထားပါသည်။ တချိန်နှင့် တချိန်ကြားတွင် ၁၅ မိနစ် "အားလပ်ချိန်" နားကြရပါသည်။ ထိုအားလပ်ချိန် သို့မဟုတ် နားချိန်သတ်မှတ်ထားရသည့် အဓိပ္ပါယ်မှာ ကလေးများအား လန်းဆန်းတက်ကြွစေရန်နှင့် အာရုံစူးစိုက်မှု့ ပိုမိုကောင်းမွန်လာစေရန်ဖြစ်ပါသည်။ ထိုအားလပ်ချိန်တွင် ကလေးများသည် ကျောင်းရှိ ကွင်းပြင်သို့ ထွက်ကြရပြီး အချင်းချင်း ကစားခြင်း နှင့် လှုပ်ရှားခြင်းများကို ပြုလုပ်ကြလေ့ရှိပါသည်။

ရာသီဥတုနှင့်အညီ ၀တ်ဆင်ရသည့် အပြင်ဝတ်အ၀တ်အစားများနှင့် အပြင်စီးဖိနပ်များကို ကျောင်းခန်းတွင်းသို့ ၀င်ရာရာတွင် ကျောင်းစင်္ကြန်၌ထားခဲ့ရပါသည်။ အပြင်ဘက်သို့ ထွက်ရာတွင် လုံလောက်သော နွေးထွေးမှု့မရှိသည့် အ၀တ်အစားနှင့် ဖိနပ်မပါက ထွက်ခွင့်မရှိပါ။

ဖင်လန်နိုင်ငံသို့ ချက်ချင်းရောက်ရှိလာသည့် ပြောင်းရွှေ့အခြေချနေထိုင်လာသူ ကလေးများအနေဖြင့် အခြေခံပညာသင်ကြားရေးမပြုလုပ်မှီ အသင့်ပြင်ပေးသည့် ပညာရေးကို စတင်သင်ကြားရပါသည်။ ထိုမှတဆင့် အခြေခံပညာရေးသင်ကြားမှု့သို့ ပြောင်းရွှေ့သင်ကြားခြင်း ပြုရပါသည်။ အသင့်ပြင်ပေးသည့် ပညာသင်ကြားမှု့တွင် ဖင်လန်ဘာသာစကားနှင့် အခြားသောဘာသာရပ်များကို သင်ကြားရပြီး၊ အရေး- နှင့် အဖတ်များကိုလည်း ကျွမ်းကျင်စေရန် သင်ကြားပေးပါသည်။

အခြေခံပညာသင်ကြားရေးတွင် ပြောင်းရွှေ့အခြေချနေထိုင်သူကလေးငယ်အား အတန်းသတ်မှတ်ရာတွင် ဌင်းအသက်အရွယ်၊ အရည်အချင်း၊ ကျွမ်းကျင်မှု့တို့ကို အခြေအနေကို စစ်ဆေးပြီး သတ်မှတ်ပေးလေ့ရှိပါသည်။ အသစ်ရောက်ရှိလာသော ကျောင်းသားအား ဘာသာရပ်တိုင်းတွင် လိုက်ပါသင်ကြားခြင်း ပြုနိုင်ရန်အတွက် အချိန်ပိုသင်ကြားခြင်းများကိုလည်း စီစဉ်ပေးပါသည်။ ထို့အပြင် မြို့ရွာမြူနီစပါယ်ဘုတ်အဖွဲ့များမှ ပြောင်းရွှေ့အခြေချနေထိုင်သူ ကလေးများအား မိခင်ဘာသာစကား သင်ကြားနိုင်ရန်လည်း စီစဉ်ပေးကြပါသည်။

ဖင်လန်နိုင်ငံတွင် အခြေခံပညာသင်ကြားရေးကျောင်းများနှင့် တက္ကသိုလ်ဝင်ခွင့် အထက်တန်းကျောင်းများတွင် ဘာသာရေး ကို သင်ကြားပေးပါသည်။ သင်ကြားရာတွင် အများစုကိုးကွယ်ယုံကြည်သည့် ဘာသာကို အခြေခံ၍ ကျောင်းတွင် သင်ကြားပေးခြင်း ဖြစ်ပါသည်။ မိဘများအနေဖြင့် မိမိကိုးကွယ်သည့် ဘာသာကိုးကွယ်မှု့အား ကျောင်းတွင် သင်ကြားပေးရန် တောင်းဆိုနိုင်သည့် အခွင့်အရေး ရှိပါသည်။

အထက်တန်းပညာ

အထက်တန်း-ပညာရေးသည် အထွေထွေပညာရပ်များနှင့် အခြေခံသဘောတရားများကို သင်ကြားပေးပါသည်။ အခြေခံပညာရေးအောင်လက်မှတ်ကို အခြေခံ၍ အထက်တန်းပညာရေး တက်ရောက်သင်ကြားရန် လျှောက်ထားရပါသည်။ အထက်ပညာရေးတွင် အခြေခံဘာသာရပ်များဖြစ်သော ဘာသာစကားများ၊ သမိုင်းဘာသာရပ်၊ စိတ်ပညာ၊ သချာင်္၊ ဓါတုဗေဒ၊ ဇီဝဗေဒ တို့ သင်ကြားရပါသည်။ ၂ နှစ်မှ - ၄ နှစ်အထိ ပညာရေးကို အောင်မြင်ရန်သင်ကြားရပါသည်။ ထိုသင်ကြားမှု့အောင်လက်မှတ်ဖြင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေကြားရပါသည်။ ထို့အပြင်လည်းပဲ တက္ကသိုလ်ဝင်ခွင့် အောင်လက်မှတ်ကို ရရှိပါသည်။ အထက်တန်းပညာရေးအောင်လက်မှတ်သည် အဆင်မြင့်ပညာရေးများနှင့် တက္ကသိုလ်ကျောင်းများ တက်ရောက်ရန်အတွက် အသိအမှတ်ပြုလက်မှတ်လည်း ဖြစ်ပါသည်။

အသက်မွေးဝမ်ကျောင်းဆိုင်ရာ အထက်တန်းပညာရေးကျောင်း နှင့် တက္ကသိုလ်များ

အဆင့်မြင့် ပညာရေးသင်ကြားရေးကို ဖင်လန်နိုင်ငံတွင် တက္ကသိုလ်များနှင့် အသက်မွေးဝမ်းကျောင်းမှု့ဆိုင်ရာ အထက်တန်းပညာရေးကျောင်းများတွင် တက်ရောက်သင်ကြားနိုင်ပါသည်။ အသက်မွေးဝမ်းကျောင်းမှု့ အထက်တန်းပညာရေးကျောင်းများတွင် အသက်မွေးဝမ်းကျောင်းမှုနှင့် သတ်မှတ်ထားသည့် ဒီဂရီဘွဲ့လက်မှတ်များဖြစ်သော ဆေးရုံသူနာပြု၊ ရဲဝန်ထမ်းအောင်လက်မှတ်များကို သင်ယူနိုင်ပါသည်။ ဘွဲ့လက်မှတ်များကို သင်ယူရာတွင် ၃နှစ်ခွဲမှ - ၄နှစ်ခွဲအထိ ကြာမြင့်ပါသည်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထက်တန်းပညာရေးများကို သင်ယူရာတွင် အခြေခံအားဖြင့် အထက်တန်းပညာရေးအောင်မြင်သည့် လက်မှတ် သို့မဟုတ် အခြေခံအသက်မွေးဝမ်းကျောင်းမှု့ဆိုင်ရာ အောင်လက်မှတ်ရရှိထားပြီး ဖြစ်ရပါမည်။

တက္ကသိုလ်များတွင် ၀ိဇ္ဇာသိပံ္ပဘာသာရပ်နှင့်နှင့် သက်ဆိုင်သည့် ဘွဲ့လက်မှတ်များအတွက် ပိုမိုသင်ကြားပေးပါသည်။ များသောအားဖြင့် တက္ကသိုလ်မှပေးအပ်သည့် ဘွဲ့များကို သင်ကြားရာတွင် ပထမဆုံး ဘတ်ဂျလာ တက္ကသိုလ်မှ ပေးအပ်သည့် ဘွဲ့များကို အောင်မြင်အောင် သင်ကြားပြီးသည့်နောက်တွင် မာစတာဘွဲ့များကို ရယူကြပါသည်။ တက္ကသိုလ်များနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထက်တန်းပညာရေးကျောင်းများတွင် အင်္ဂလိပ်ဘာသာရပ်ဖြင့်လည်း သင်ကြားပို့ချပေးပါသည်။

ပြောင်းရွှေ့အခြေချ နေထိုင်သူများအတွက် အသက်မွေးဝမ်းကျောင်းမှု့ဆိုင်ရာ ပညာရပ်များသင်ကြားရန် ပြင်ဆင်ခြင်း

အခြေခံပညာသင်ကြားတတ်မြောက်ပြီးနောက်တွင် ဆက်လက်၍ သင်ကြားရမည်မှာ အဆင့်မှာ အသက်မွေးဝမ်းကျောင်းမှု့ဆိုင်ရာ ပညာရပ်များ သို့မဟုတ် အထက်တန်းပညာရပ်ဖြစ်ပါသည်။ အကယ်၍ ပြောင်းရွှေ့အခြေချနေထိုင်သူ လူငယ်များ ဖင်လန်ဘာသာစကားကို ပိုမိုကျွမ်းကျင်တတ်မြောက်စွာ သင်ကြားရန် သို့မဟုတ် အခြားသော သင်ကြားရေးများတွင် လိုအပ်ပါက အခြေခံပညာ သင်ကြားပြီးသည့်နောက်တွင် အခြေခံပညာကျောင်းများတွင် အတန်းပိုတက်ရောက်ကြားခြင်း သို့မဟုတ် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များသင်ယူရန် အသင့်ပြင်ခြင်း အတန်းများသို့ ထပ်မံတက်ရောက် သင်ကြားနိုင်ပါသည်။ အသင့်ပြင်သင်ကြားခြင်းများတွင် ဖင်လန်ဘာသာစကားကို ပိုမိုဖြည့်စွက်သင်ကြားခြင်းနှင့် လုပ်ငန်းခွင်ဘ၀များတွင် လိုအပ်သည့် ကျွမ်းကျင်မှု့များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကို လေ့လာခြင်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များကို သင်ကြားခြင်းဖြစ်ပါသည်။ အသင့်ပြင်ဆင်ရေးသင်ကြားသည့်အချိန်တွင် လူငယ်အနေဖြင့် ကိုယ်ပိုင်စိတ်ဝင်စား သင်ကြားချင်သည့် ဘာသာရပ်နှင့် ထူးချွန်သော အားသာချက်များကို သင်ကြားလိုသည့် အသက်မွေးဝမ်းကျောင်းဘာသာရပ်ကို သင်ကြားနိုင်ရန်အတွက် လမ်းညွှန်ပေးပါသည်။

အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျောင်းများ

ဖင်လန်နိုင်ငံတွင် ရွေးချယ်ခွင့်များစွာရှိသော အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျောင်းများစွာ ရှိပါသည်။ ထိုကျောင်းများ၏ သင်ကြားမှု့များမှာ လက်တွေ့ အသက်မွေးဝမ်းကျောင်း အလုပ်ခွင်ဘ၀များတွင် ဖြစ်ပါသည်။ အခြေချပြောင်းရွှေ့နေထိုင်သူလူငယ်များအနေဖြင့် သင်ကြားနိုင်ပြီး၊ အသက်မွေးဝမ်းကျောင်းဆိုင်မှု့ဆိုင်ရာ အောင်လက်မှတ်ကို ရရှိနိုင်ပါသည်။ ထိုအောင်လက်မှတ်ရရှိရန်အတွက် ၂ နှစ်မှ ၃ နှစ် သင်ယူကြရပါသည်။ သင်ကြားမှု့များတွင် အလုပ်လက်တွေ့ လေ့ကျင့်မှု့များစွာနှင့် လက်တွေ့သင်ကြားခြင်းများကို အလုပ်ခွင်များစွာတွင် သင်ယူလေ့ကျင့်ခြင်းများ ပြုလုပ်ရပါသည်။ အလုပ်ခွင်ဘ၀တွင်လိုအပ်သည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များနှင့် သက်ဆိုငသည့် ကျွမ်းကျင်မှု့များကိုရရှိစေရန် ကျောင်းမှ သင်ကြားပို့ချပေးပါသည်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခြေခံပညာရပ်များကို သင်ကြားရန်အတွက် အခြေခံပညာရေးကျောင်းမှ အောင်လက်မှတ် သို့မဟုတ် ဌင်းအောင်လက်မှတ်နှင့် ညီမျှသည့် ကျောင်းများမှ ပေးအပ်သည့် လက်မှတ်များဖြင့် လျှောက်ထားနိုင်ပါသည်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များ သင်ကြားသည့် ကျောင်းများတွင် ဖင်လန်ဘာသာစကားဖြင့် သင်ကြားသဖြင့်  အစပိုင်းတွင် ဖင်လန်ဘာသာစကားကို ကြိုးကြိုးစားစားသင်ယူရန်မှာ အလွန်ပင် အရေးကြီးပါသည်။

နိုင်ငံရပ်ခြားတိုင်းပြည်မှ ရွှေ့ပြောင်းလာရောက်နေထိုင်သူများအတွက် လက်ခံနိုင်ငံ(ရောက်ရှိနိုင်ငံ)နှင့် သဟဇာတဖြစ်အောင် နေထိုင်နိုင်ရေးအတွက် သင်တန်းပေးခြင်း

ဖင်လန်နိုင်ငံသို့ ရောက်ရှိလာသော အရွယ်ရောက်ရှိပြီးသား ပြောင်းရွှေ့အခြေချနေထိုင်သူမျာအနေဖြင့် အခြေချနေထိုင်ရေး ပညာရေးကို သင်ကြားနိုင်ပါသည်။ ထိုပညာရေးတွင် ဖင်လန်ဘာသာစကား သင်ကြားမှု့၊ အထွေထွေလူမှု့ရေးရာအသိပညာများ၊ နေ့စဉ်ဘ၀ လိုအပ်ချက်များ၊ ယဉ်ကျေးမှု့များ သိရှိစေရန် အပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရွေးချယ်မှု့ နှင့် အလုပ်ခွင်လက်တွေ့ဘ၀နှင့် သက်ဆိုင်သော လမ်းညွှန်မှု့များကို သင်ကြားပေးပါသည်။ ပညာရေးတွင် များသောအားဖြင့် အလုပ်ခွင်တွင် လက်တွေ့ လေ့ကျင့်ရသည့် သင်တန်းများစွာ ပါဝင်ပါသည်။ အခြေချနေထိုင်ရေးအတွက် ပညာပေးမှု့သင်ကြားရေးကျောင်းတွင် နှစ်ပေါင်းများစွာ ကြာမြင့်တတ်ပါသည်။ ပညာသင်ကြားရေးတွင် တယောက်ချင်းအတွက် အစီအစဉ်များရေးဆွဲခြင်းမှာ  ဆက်လက်၍ ပညာသင်ကြားရေးအတွက် အရေးကြီးပါသည်။ ထိုမှသာလျှင် ဖင်လန်နိုင်ငံတွင် အလုပ်ခွင်ဝင်ရေးအတွက် အဆင်ပြေမည်ဖြစ်ပါသည်။


အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းများ

အရွယ်ရောက်ပြီးသူ ပြောင်းရွှေ့အခြေချနေထိုင်သူအနေဖြင့် လူငယ်များကဲ့သို့ပင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခြေခံကျောင်းများသို့ ဖင်လန်နိုင်ငံ၏ အလုပ်ခွင်လက်တွေ့ဘ၀နှင့် သက်ဆိုင်သော ဖင်လန်နိုင်ငံ၏ အလုပ်ခွင်လက်တွေ့ဘ၀နှင့်သက်ဆိုသော ကျွမ်းကျင်မှု့များကို ရရှိစေရန်အတွက် ကျောင်းများ တက်ရောက်သင်ကြားနိုင်ရန် တိုက်ရိုက်လျှောက်ထားနိုင်ပါသ်ည။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခြေခံပညာကျောင်းများသို့ လျှောက်ထားသူအနေဖြင့် အခြေခံပညာကျောင်းသင်ကြားတတ်မြောက်ထားသည့် လက်မှတ်၊ အခြေခံပညာကျောင်းနှင့် တန်းတူသည့် လက်မှတ်နှင့် သတ်မှတ်ထားသည့် ဖင်လန်ဘာသာစကား တတ်မြောက်ပါကလည်း လျှောက်ထားနိုင်ပါသည်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်မှတ်များကို ရရှိရန် ကြိုးစားသင့်သည်ဟု ဖင်လန်နိုင်ငံတွင် တိုက်တွန်းလေ့ရှိပါသည်။ ထိုလက်မှတ်ရှိမှသာလျှင် ဖင်လန်နိုင်ငံ၏ အလုပ်ခွင်ထဲတွင် အခြေချပြောင်းရွှေ့နေထိုင်သူများအနေဖြင့် ပိုမိုကောင်းမွန်စေပါသည်။ ထိုကြောင့် သင့်နေထိုသည့် ဒေသတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များ သင်ကြားခွင့် အခွင့်အရေးကို သိရှိစေရန် အရေးကြီးလှပါသည်။


အလုပ်သမားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် အရွယ်ရောက်သူများအတွက် ကျောင်းများ

အလုပ်လက်မဲ့ဖြစ်နေသော ပြောင်းရွှေ့အခြေချနေထိုင်သူများအနေအား အလုပ်သမားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် အရွယ်ရောက်သူများအတွက် ကျောင်းများလည်း ဖွင့်လှစ်ပေးထားပါသည်။ ထိုကျောင်းများမှာ ပြောင်းရွှွေှ့အခြေချနေထိုင်သူများအတွက် သင့်တော်သော ကျောင်းများ ဖြစ်ကြပါသည်။ ထိုကျောင်းများသို့ အခြေချနေထိုင်သူများအတွက် ဖွင့်လှစ်ထားသည့်ကျောင်းများတွင် တက်ရောက်ပြီးသူများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းများတွင် တက်ရောက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် ဖင်လန်ဘာသာစကား အဆင့်ကို အောင်မြင်ထားပြီးပါက တက်ရောက်နိုင်ကြပါသည်။ ကျောင်းများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပေးပြီး များသောအားဖြင့် လက်တွေ့လုပ်ငန်းများကို လေ့ကျင့်ပေးကြပါသည်။ ထိုကဲ့သို့ သင်ကြားပေးခြင်းမှာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်မှတ်များကို အောင်မြင်စေရန် သို့မဟုတ် အချို့အစိတ်အပိုင်များကို တတ်ကျွမ်းစေရန် ဖြစ်ပါသည်။

နိုင်ငံရပ်ခြားတွင် သင်ကြားမှု့များနှင့် အောင်လက်မှတ်များကို အသိအပြုခြင်း

ဖင်လန်နိုင်ငံရှိ ကျောင်းများ၏ စနစ် ရည်ရွယ်ချက်များမှာ နိုင်ငံရပ်ခြားတွင် သင်ကြားတတ်မြောက်လာသည့် အောင်လက်မှတ်များ၊ သင်ကြားတတ်မြောက်လာသည့် ပညာရပ်များ နှင့် အလုပ်အတွေ့အကြုံများကို အခြေခံ၍ ကျောင်းများကို သင်ကြားနိုင်ရန်စီစဉ်ထားပြီး လိုအပ်ပါက ဖြည့်စည်းပေးနိုင်ရန်ဖြစ်ပါသည်။ အကယ်၍ ပြောင်းရွှေ့အခြေချနိုင်ထိုင်သူတွင် နိုင်ငံရပ်ခြားတွင် သင်ကြားလာသည့် အောင်လက်မှတ်ရှိပါက ဌင်းအနေဖြင့် ဌင်းအောင်မြင်သည့်လက်မှတ်ကို အသိအမှတ်ပြုခံရရေးအတွက် ဖင်လန်နိုင်ငံ ပညာရေးဌာနတွင် လျှောက်ထားနိုင်ပါသည်။

ပညာရေးဌာနမှ နိုင်ငံရပ်ခြားတွင် ရရှိထားသည့် အောင်လက်မှတ်များ၏ အလုပ်ခွင်တွင် အသုံးဝင်မှု့ ရှိမရှိနှင့် လိုအပ်ပါက ဆက်လက်သင်ကြားရမည်ကို ဆုံးဖြတ်ပါသည်။ ဖင်လန်နိုင်ငံတွင် အချို့သော အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များ ကျွမ်းကျင်မှု့ရှိစေရန် ကျောင်းများဖွင့်လှစ်ထားပါသည်။ နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဖင်လန်နိုင်ငံ အလုပ်ခွင်ထဲတွင် အသုံးချနိုင်ရန် လေ့ကျင့်သင်ကြားပေးခြင်းလည်း ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆေးရုံသူနာပြုဝန်ထမ်းများအား အလုပ်ခွင်ကျွမ်းကျင်သည့် ကျောင်းများ ဖွင့်လှစ်ပေးခြင်း ဖြစ်ပါသည်။

ပြောင်းရွှေ့အခြေချနေသူများအနေဖြင့် ဖင်လန်နိုင်ငံသို့ လာရောက်ပါက မိမိဇာတိဒေသမှ သင်ကြားထားသည့် ပညာရပ်ထောက်ခံစာများ၊ အောင်လက်မှတ်များ နှင့် အလုပ်အတွေ့အကြုံများနှင့် သက်ဆိုင်သည့် ထောက်ခံစာအစစ်များကို ယူဆောင်လာရန်မှာ အလွန်ပင် အရေးကြီးပါသည်။ ထောက်ခံစာများ တရားဝင်မှန်ကန်ကြောင်းကို သက်သေခံနိုင်ရန်အတွက် အင်္ဂလိပ်ဘာသာဖြင့် မိမိဇာတိဒေသမှ ဘာသာပြန်ဆိုလာပါက အကောင်းဆုံးဖြစ်ပါသည်။

စာကြည့်တိုက်

ဖင်လန်နိုင်ငံ၏ နေရာတော်တော်များတွင် စာကြည့်တိုက်များ ရှိပါသည်။ ထိုစာကြည့်တိုက်များအား ရပ်ရွာများတွင် နေထိုင်သည့်သူများက လွတ်လပ်စွာ သွားရောက်ဖတ်ရှု့နိုင်ပါသည်။ ထို့အပြင်လည်းပဲ စာအုပ်များကို ငှားရမ်းဖတ်ရှု့နိုင်ပါသည် သို့မဟုတ် ဥပမာအားဖြင့် အခြားသောဘာသာစကားများဖြင့် ရေးသားထားသည့် စာအုပ်စာတန်း၊ စာစောင်များကိုလည်း အခမဲ့ ဖတ်ရှု့နိုင်ပါသည်။ စာကြည့်တိုက်တွင် အင်တာနက်ကိုလည်း အသုံးပြုနိုင်ပြီး၊ သင်ကြားခြင်းလည်း ပြုလုပ်နိုင်ပါသည်။ စာကြည့်တိုက်တွင် ငှားရမ်းနိုင်ရန်အတွက် စာကြည့်တိုက် ကဒ် ရှိရန်လိုအပ်ပါသည်။ ထိုကဒ်အား စာကြည့်တိုက်တွင် ပြုလုပ်နိုင်ပါသည်။

ယခုစာမျက်နှာတွင် ပါဝင်သောအကြောင်းအရာများကို အောက်ဖေါ်ပြပါ အင်တာနက် စာမျက်နှာတွင် PDF ပုံစံဖြင့် ဖတ်ရှု့နိုင်ပါသည်။